"အသုံးပြုနည်း"
Samsung
=======
"ထည့်သွင်းမည်" ကိုနှိပ်ပြီး Myanmar (myFont) ကို Install လုပ်ပေးပါ။
ပြီးရင် "ဖောင့်ပြောင်းမည်" ကိုနှိပ်ပြီး ကျလာတဲ့ Font List ထဲမှာ
Myanmar (myFont) ကိုရွေးပေးပါ။
( "ဖောင့်ပြောင်းမည်" ကိုနှိပ်တဲ့အခါ Font List ကျမလာတဲ့ဖုန်းတွေရှိပါတယ်။ အဲ့ဒီအခါ Display ထဲကိုရောက်သွားမှာပါ။ Font သို့မဟုတ် Font Style ထဲကိုထပ်ဝင်ပြီး Myanmar (myFont) ကို
ရွေးပေးလိုက်ပါ၊ အားလုံးအဆင်ပြေပါတယ်။
ဖောင့်ပုံစံကိုမကြိုက်တော့လို့နဂိုမူလအတိုင်းပြန်ပြောင်းချင်ရင် "ဖောင့်ပြောင်းမည်" ကိုနှိပ်ပြီး
Default Font ကိုပြန်ရွေးထားပေးလိုက်ပါ။
အကယ်၍သင့်ဖုန်းက Android Version 6.0 အထက်ဖြစ်နေမယ်ဆိုရင်တော့
ဖောင့်ချိန်းတဲ့အခါမှာ Font not supported ဆိုပြီးပေါ်လာတတ်ပါတယ်။
အဲ့ဒီအတွက်ဖြေရှင်းနည်းကဒီမှာသွားကြည့်လိုက်ပါ
>> ဒီမှာပါ <<
အပေါ်ကနည်းနဲ့လိုက်လုပ်လို့အဆင်မပြေသေးဘူးဆိုရင်တော့
သင့်ဖုန်းမှာ Root လိုအပ်နေပါပြီ။
Root ရှိပြီးသားဆိုရင်တော့ Other[#Root] ဆိုတဲ့ခလုတ်ကိုနှိပ်ပြီးထည့်သွင်းနိုင်ပါတယ်။
Root နဲ့နည်းကတော့မည်သည့်ဖုန်းမဆို အားလုံးရနိုင်ပါတယ်။
Root မရှိသေးရင်တော့သင့်ဖုန်းအမျိုးအစား ဗားရှင်းအလိုက် Root လုပ်နည်းကို Google မှာရှာဖွေပြီး Root အရင်လုပ်လိုက်ပါ။
ပြီးမှအထက်ပါအဆင့်တွေကိုပြန်လုပ်ပါ။
Oppo
=======
"ထည့်သွင်းမည်" ကိုနှိပ်ပြီး Myanmar (myFont) ကို Install လုပ်ပေးပါ။
ပြီးရင် "ဖောင့်ပြောင်းမည်" ကိုနှိပ်ပြီး ကျလာတဲ့ Font List ထဲမှာ
Myanmar (myFont) ကိုရွေးပေးပါ။
( "ဖောင့်ပြောင်းမည်" ကိုနှိပ်တဲ့အခါ Font List ကျမလာတဲ့ဖုန်းတွေရှိပါတယ်။ အဲ့ဒီအခါ Display ထဲကိုရောက်သွားမှာပါ။ Font သို့မဟုတ် Font Style ထဲကိုထပ်ဝင်ပြီး Myanmar (myFont) ကို
ရွေးပေးလိုက်ပါ၊ အားလုံးအဆင်ပြေပါတယ်။
ဖောင့်ပုံစံကိုမကြိုက်တော့လို့နဂိုမူလအတိုင်းပြန်ပြောင်းချင်ရင် "ဖောင့်ပြောင်းမည်" ကိုနှိပ်ပြီး
Default Font ကိုပြန်ရွေးထားပေးလိုက်ပါ။
Huawei
======
"ထည့်သွင်းမည်" ကိုနှိပ်ပါ၊ Install လုပ်ခြင်းပြီးဆုံးကြောင်း Message တက်လာပြီးရင် "ဖောင့်ပြောင်းမည်" ကိုနှိပ်ပါ။
Font ရွေးရမယ့်နေရာကိုရောက်သွားလိမ့်မယ်၊ အဲ့ဒီထဲကမှ Myanmar Font ကို
ရွေးပြီး Apply လုပ်ပေးလိုက်ပါ။
ဖောင့်ပုံစံကိုမကြိုက်တော့လို့နဂိုမူလအတိုင်းပြန်ပြောင်းချင်ရင် "ဖောင့်ပြောင်းမည်" ကိုနှိပ်ပြီး
Default ကိုပြန်ရွေးထားပေးလိုက်ပါ။
Vivo
======
"ထည့်သွင်းမည်" ကိုနှိပ်ပါ၊ Install လုပ်ခြင်းပြီးဆုံးကြောင်း Message တက်လာပြီးရင်
"ဖောင့်ပြောင်းမည်(၁)" ကိုနှိပ်ပါ။
Theme တွေထဲမှာ Myanmar ဖောင့်ကိုရွေးပေးလိုက်ပါ။
မရသေးရင်တော့ "ဖောင့်ပြောင်းမည်(၂)" ကိုနှိပ်ပါ။
Font ရွေးရမယ့်နေရာကိုရောက်သွားလိမ့်မယ်၊
အဲ့ဒီထဲကမှ Myanmar Font ကိုရွေးပြီး
Apply လုပ်ပေးလိုက်ပါ။ ဒါဆိုရပါပြီ ;)
မရသေးရင် "ဖောင့်ပြောင်းမည် (၃)" ကိုနှိပ်ပြီး
အဲ့ဒီမှာ
မိမိထည့်သွင်းမည့်ဖောင့်အမည်.txj သို့မဟုတ် ဖောင့်အမည်.itz ဆိုတဲ့
ဖောင့်ဖိုင်လေးကို ဖွင့်ပြီး Apply လုပ်ပေးလိုက်ပါ။
ဖောင့်ပုံစံကိုမကြိုက်တော့လို့နဂိုမူလအတိုင်းပြန်ပြောင်းချင်ရင် "ဖောင့်ပြောင်းမည်" ကိုနှိပ်ပြီး
Default ကိုပြန်ရွေးထားပေးလိုက်ပါ။
Xiaomi(MIUI)
=========
"ထည့်သွင်းမည်" ကိုနှိပ်ပါ၊ အောင်မြင်ကြောင်း Message တက်လာရင်တော့
"ဖောင့်ပြောင်းမည်" ကိုနှိပ်ပါ။ System Font ထဲကိုဆက်ဝင်ပါ။
အဲ့မှာ မိမိထည့်သွင်းမည့်ဖောင့်အမည်နဲ့ဖောင့်ကိုတွေ့ရပါလိမ့်မယ်။
ရွေးပြီး Apply ပေးလိုက်ပါ။
ဖုန်းက Reboot ကျသွားပါလိမ့်မယ် ပြန်တက်လာရင်တော့ Ok နေပါပြီ :D
Done
ဖောင့်ပုံစံကိုမကြိုက်တော့လို့နဂိုမူလအတိုင်းပြန်ပြောင်းချင်ရင် "ဖောင့်ပြောင်းမည်" ကိုနှိပ်ပြီး
Default ကိုပြန်ရွေးထားပေးလိုက်ပါ။
Other[#Root]
=========
Root ရှိတဲ့ဖုန်းကတော့လွယ်ပါတယ်။
Menu က Other[#Root] ထဲကိုဝင် Root တောင်းလိမ့်မယ် Allow or Grant နဲ့လက်ခံပေးလိုက်။
ပြီးရင် "ထည့်သွင်းမည်" နှိပ်ပေးလိုက်ရုံပါပဲ ၅ စက္ကန့်လောက်ကြာတာနဲ့ပြီးသွားရင်
Reboot ကျမယ်လို့ Message တက်လာမယ်။
Ok ပေးလိုက်တာနဲ့ဖုန်းက Restart ကျသွားမယ်၊။
ပြန်ပွင့်လာရင်တော့ ရပါပြီ စာလုံးပုံစံလေးတွေအကုန်ပြောင်းသွားပါပြီ
Coc, Smule, Browser တွေမှာလည်းမြန်မာစာလုံးဝအဆင်ပြေသွားပါလိမ့်မယ် :D
မကြိုက်ရင်တော့ Restore ကိုနှိပ်ပြီး မူလအတိုင်းပြန်ထားနိုင်ပါတယ်။
Oppo နဲ့ Samsung ကိုလည်း "ဖောင့်ပြောင်းမည်" ကိုနှိပ်ပြီး Default ကိုပြန်ရွေးပေးထားလို့ရပါတယ်။
Huawei နဲ့ Vivo, Xiaomi တွေကိုလည်း Theme တွေကို Default ကိုပြန်ရွေးထားလိုက်ရင်
မူလဖောင့်စတိုင်ပြန်ဖြစ်သွားမှာပါ။
အားလုံးအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ…